ဝေါမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်း ဆောင်ရွက်

ဝေါ ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အဘိတ်ဆေးခတ်ခြင်းနှင့် စာသင်ကျောင်းများအား ခြင်ဆေးဖျန်းခြင်းကိုဝေါမြို့ပေါ် (၆) ရပ်ကွက်တွင် ဇွန်လ၂၆ ရက်နေ့ နံနက် ၈ နာရီက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဝေါမြို့နယ် ရပ်ကွက် / ကျေးရွာများ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ခြင် အကိုက်ခံရခြင်းနှင့် ပေါက်ဖွား ခြင်း မရှိစေရေးအတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေတွင်း၊ ရေကန်၊ ကျောက်စည်များအတွင်း အဘိတ်ဆေးခတ် ခြင်း၊ နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုး ရေခွက်များ နှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လမ်း များ မပေါက်ဖွားစေနိုင်စေရေးအတွက်  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၈) တို့တွင်လည်း ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။

ဝေါမြို့နယ်တွင် ကလေးငယ်(၃၀)ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ခဲ့ပြီး (မစိုးရိမ်ရ) ကျန်းမာရေး စောင့်ရှောက်မှု ရှိခဲ့ကြောင်းနှင့် အဆိုပါ အဘိတ်ဆေးခတ်ခြင်း အစီအစဉ်အား မြို့နယ်မီးသတ်ဦးစီး ဌာနနှင့် ရပ်ကွက် ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း