အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မူတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ဟင်္သာတ  ဇွန်  ၂၆

၂၀၂၁ ခုနှစ် ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မူတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ရှိ လူစည်ကား ရာ ကားဂိတ်များ၊ ဆိုင်ကယ်ကယ်ရီဂိတ်များ၊စျေးဆိုင်များ လမ်းသွားလမ်းလာ ပြည်သူများကို ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

 အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေအထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ကမ္ဘာ့ရန်သူဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ် ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊  မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းခြင်းနှင့် မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် စသည့် အသိ ပညာပေး ဆောင်ပုဒ်များပါရှိကြောင်း သိရသည် ။

ကိုဇော် (ဟင်္သာတ)