ကျောက်ဆည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ကိုယ်စား မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့်ပတ်သတ်၍ ကုလသမဂ္ဂအဖွဲ့ အစည်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ထားပြီး လူအခွင့်အရေးကြေညာစာတမ်းတွင်လည်း လက်မှတ်ရေးထိုးကြောင်းနှင့် ကလေးသူငယ်များကို  ဥပဒေနှင့်အညီကူညီကာကွယ်စောင့်ရှောက်သွားကြ စေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မန္တလေးတိုင်းဒေသကြီး လူမှု ဝန်ထမ်းရုံးမှ အမျိုးသမီးကလေးငယ်များသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မြမြထွေးက သင်တန်း ကျောင်းတွင် ကလေး သူငယ်အခွင့်အရေးများနှင့်ပတ်သတ်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာများကိုစောင့်ရှောက် ၍အကာအကွယ် ပေးနေမှုများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်သူရထက်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသစ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)