ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကျုံပျော် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျုံ‌‌ပျော်မြို့နယ်၊ အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ရှားခဲလမ်းမကြီးတွင် သွားလာကြသော ပြည်သူများနှင့် ဈေးအတွင်း ဈေး ရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်ခြင်း ရှိ / မရှိ စစ်ဆေးကြပြီး အပြင်ထွက်တိုင်း Mask တပ်ဆင် သွားလာရေးနှင့် Mask များ ဝေငှပေးခြင်းတို့ကို ပညာပေးဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။