ရေဖြူ ဇွန် ၂၆
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာ စိုပြေစေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ရေဖြူ (ခ)ရပ်ကွက်၊ စမ်းရေတွင်း လမ်းနှင့် ရေဖြူတံတားချည်းကပ်လမ်း လမ်းဘေး ဝဲ/ယာ တလျှောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက လမ်းဘေးဝဲ/ယာ တလျှောက်တွင် သပြေဘူတ(၁၀၀)၊စိန်ပန်းကြီး(၁၀၀) ၊ကွမ်းအလှပင် (၂၈၀)စသည့် ပျိုးပင် (၄၈၀)အား တစ်ပြိင်နက်တည်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး စိုက်ပျိုးပြီးစီးခဲ့သည့် ပျိုးပင်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
ဖြူဖြူရှိန်