လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၇)ဦး ထပ်မံတွေ့ရှိ၊ ၄ လအရွယ်ကလေးငယ်တစ်ဦးပါဝင်

 
လှိုင်းဘွဲ ဇွန်၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် Covid-19 ရောဂါဖြင့် ဆေးကုသမှု ခံယူလျက်ရှိသော လူနာနှစ်ဦးနှင့် ဆက်စပ်လျက်ရှိသူများ၊မိသားစုဝင်များကို Test Kit ဖြင့် စစ်ဆေးရာ Covid-19 ရောဂါပိုး လူနာ(၇)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
 
အဆိုပါ Positive လူနာ(၂)ဦးနှင့်ထိစပ်သော သံသရှိသူများအား ကမော့ကချူးကျေးရွာ ဆိုင်ကလုန်းရှက်တာ Quarantine ထားရှိပြီး လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ ဒေါက်တာစောငြိမ်းထွန်းမှ Test Kit ဖြင့် စစ်ဆေးရာ မ(၅)ဦးနှင့်ကျား(၂)ဦး စုစုပေါင်း(၇)ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး Covid-19 ရောဂါပိုး တွေ့ရှိသူများအား လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်သို့ ပြောင်းရွေ့၍ ဆေးကုသမှု ခံယူသွား မည်ဖြစ်ကြောင်းနှင့် Covid-19 Positive လူနာ(၇)ဦးတွင် (၄)လအရွယ် ကျားတစ်ဦး ပါဝင်ကြောင်း သိရသည်။
 
မြို့နယ် (ပြန်ဆက်)