ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပေါင်းတည် ဇွန် ၂၅
 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိ လိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အတွင်းသို့  လိုက်လံကြေညာပေးလျက်ရှိသည်။

ထိုသို့ လိုက်လံကြေညာရာတွင် ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ  ၉ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ထိစပ် လျက်ရှိသော မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများရှိနေသည့်အတွက် မိမိတို့မြို့နယ်အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များစနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲလူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်း များဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုက်လံနှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။
 

ချစ်နှင်းသုန်