ရေကြည် ဇွန် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်နှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ)သို့ သွားရောက်ကာ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်တွင် အနာဂတ်လူငယ်များ မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိနိုင်စေရန် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများအကြောင်း ၊ မူးယစ်ဆေးပြဿနာကို ဖြေရှင်းခြင်းနှင့် မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်းအရာများကိုဖော်ကျုးထားသည့် ကဗျာများ၊ ဆောင်ပုဒ်များ ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
အောင်သူဟန်