တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြင်းစုကျေးရွာတွင် လျှပ်စစ်မီးလင်းရေးအောင်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

တောင်တွင်းကြီး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရေဝေအုပ်စု၊ မြင်းစုကျေးရွာတွင် လျှပ်စစ် မီးလင်းရေး‌‌ ကော်မတီမှ လျှပ်စစ်မီးလင်းခြင်းအထိမ်းအမှတ် အောင်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူရှိန်းနှင့် အဖွဲ့ဝင်များက အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ် မန်နေဂျာAEဦးဝင်းကိုက လျှပ်စစ်အန္တရာယ်အ‌ ကြောင်း သိကောင်းစရာ များကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ ကျေးရွာပြည်သူများ ကိုယ်စား ဦးအောင်စိုးက ယခင်ကဖယောင်းတိုင်မီးကိုသာ သုံးစွဲခဲ့ရာမှ ယခုအခါ လျှပ်စစ်မီး အလင်းရောင် ရရှိပြီဖြစ်၍ ကျောင်းသား၊ကျောင်းသူများ ဒေသခံပြည်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တော့ မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ထရန်စဖော်မာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါမြင်းစုကျေးရွာတွင် လျှပ်စစ်မီး ရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၁၁၀ကေဗွီအေထရန်စဖော်မာ ၂လုံး ၁၁ကေဗွီ လိုင်း ၁မိုင်အတွက် ငွေကျပ်သိန်း(၆၀၀)ခန့်တန်ဖိုးရှိ ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျေးရွာ ပြည်သူ(၂၅၄) အိမ်ထောင်စုတို့မှ တည်ဆောက်စရိတ်အဖြစ်‌ တစ်အိမ်ထောင် လျှင်ငွေ ကျပ်(၂၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၆၃၅)သိန်း ကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း