ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာနိုင်ရေး Mask Campaign ပြုလုပ်

ကျောက်ကြီး ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စျေးလမ်းဆုံ၊ စည်ပင်စျေးရှေ့၊ နတ်သံကွင်း −ပဲနွယ်ကုန်း ကားလမ်းဘေး စသည့် လူစည်ကားသည့် နေရာများတွင် ပြည်သူများ နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာနိုင်စေရန်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများ အား နှာခေါင်းစည်း Mask အခမဲ့တပ်ဆင်ပေးခြင်း အသိပညာပေး Mask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ကို မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သုခိတလူမှုကူညီရေး(MR)အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာသူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာ​ခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်စေ ရန်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသည့်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ် (၄)ခု ဖွင့်လှစ်ကာ နေ့စဉ်အသိပညာပေး ဆောင်ရွက်ပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်−၁၉ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ လက်ကမ်းစာစောင်နှင့် နှာ​ခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

K ခိုင်