ကျောက်ကြီး ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းမှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒေသခံ ပြည်သူများ လက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပေးအပခဲ့သည်။
ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီဇော်ဌေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ကို ချမှတ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း၊ ဥပဒေအရ အိမ်ထောင်စုဝင်များအား ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးကို ပန်းခင်း စီမံချက်နှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ အသက ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ပြည်သူများ၊ အသက် ၁၈ နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသော ပြည်သူများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပန်းခင်းစီမံချက် နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် ဇွန်လ ၂၅ ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၄၃)စု၊နိုင်ငံ သားစိစစ်ရေး ကတ်ပြား(၅၂၉)ခု ဆောင်ရွက်ပေးခဲ့ ပြီး စီမံချက်ကာလတစ်လျှောက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။