ပန်းတနော်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

ပန်းတနော်   ဇွန်   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်မှ အဖွင့်အမှာစကားပြောကြားပြီး ပန်းတနော်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာထွေးက သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခံရသော ကလေးများအား ကူညီဆောင်ရွက်ပေးမှုများနှင့် ကလေးသူငယ်များနှင့် ပတ်သက်သောလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်ဇံ၊ မြို့နယ်တရားသူကြီး ဦးအောင်သူဟိန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ကျော်ဦးတို့က ကလေးသူငယ်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ ဆက်)