ဝါးခယ်မမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ဝါးခယ်မ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်မှအစည်းအဝေး တက်ရောက် လာသူများနှင့် လုပ်ငန်းများညှိနှိုင်း၍ ဌာန ဆိုင်ရာများ ၊ NGOအဖွဲ့များ ၊ ရပ်မိရပ်ဖများနှင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်  တုံပြန်ရေးကော်မတီအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းလုပ်ငန်း များကို ဦးစားပေးအရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် ဆွေး‌နွေးခဲ့သည်။ ယင်းနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Quarantine Centre အဖြစ်ထားရှိမည့် ဟံသာဝတီကမ္မဌာန်း‌ ‌ကျောင်းတိုက် သို့ သွား ရောက်ကြည့်ရူ့ စစ်ဆေးခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)