ရေနံချောင်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ရွာသစ်ရပ်ကွက်နှင့်ဖိုးကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အသစ် ဆောက်လုပ်ရန် အဆောက်အဉီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦးနေရာ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဉီးရဲလင်းအောင်နှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး သန်းဌေး၊ ဦးဆန်းနိုင်၊ ဦးတင်အောင်ဉီး၊မြို့နယ်ဒုရဲမှူးမိုးညိုနှင့် တာဝန်ရှိသူများက ရွာသစ်ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဉီး မြေနေရာအားကြည့်ရှုရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကိုက မြေနေရာအနေအထားနှင့် အဆောက်အဉီး ဆောက်လုပ်မည့်အခြေအနေအား ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသောနေရာများတွင် ပန္နက်ရိုက်မင်္ဂလာပြုလုပ်ပြီး အမွှေးနံ့သာ ရည်များပက်ဖျန်း ကြကာ ရုံးအဆောက်အဉီးအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေး ကြီးကြပ်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
အဆိုပါရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးလျှင် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၉၉ သိန်း ၅ သောင်းကျပ်ဖြင့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေ သွပ်မိုး၊အုတ်ကာ Steel Structure တစ်ထပ်တိုက်အမျိုး အစားဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုးသူအောင်