ဝါးခယ်မမြို့နယ်၌ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးမျိုးညွှန့်မှနိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ဝါးခယ်မ   ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးမျိုးညွန့်မှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်မိတ်ဆက်ရှင်းလင်းခြင်း   အခမ်းအနားကို   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်တရားသူကြီး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တရားသူကြီးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာနယ်မြေစခန်းမှူးနှင့် ရှေ့နေအကျိုးဆောင်များ၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း တက်ရောက်အင်အား(၄၅)ဦး တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးမျိုးညွှန့်မှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု   အစီအစဉ်များကို  မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း  သိရသည်။

စောသန္တာဦး(ပြန်/ဆက်)