လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကညင်သောင်-မြစ်ကျိုးလမ်း ကွန်ကရစ်လမ်းပြီးစီးမှုအခြေအနေအားစစ်ဆေး

လေးမျက်နှာ  ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်  ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ကညင်သောင်-မြစ်ကျိုးလမ်း ကွန်ကရစ်လမ်းအား စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက်၁၀နာရီအချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းနှင့် ရုံးချုပ် QC ဦးလင်းထွန်းတို့က ကွန်ကရစ်လမ်း ခိုင်ခန့်မှုအား စမ်းသပ်စစ်ဆေးခြင်း၊  အရည်အသွေးပြည့်ဝမှု စမ်းသပ်စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ /မရှိတို့အားစစ်ဆေး တိုင်းတာမှုများ ဆောင်ရွက် ခဲ့သည်။  အဆိုပါ ကညင်သောင်-မြစ်ကျိုးကွန်ကရစ်လမ်းမှာ  ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၅၇.၈၇၆သန်းဖြင့် ရွှေအောင်လံ ဆောက်လုပ်ရေးကုမ္ပဏီလိမီတက်က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၇၈၈ပေ အရှည် ၁၂ပေ အကျယ် ၇လက်မထုရှိကာ  ယခုအချိန်တွင်  ကွန်ကရစ်လမ်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)