ရွှေဘိုမြို့၌ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်

  ရွှေဘို  ဇွန် ၂၅

စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ရွှေဘိုမြို့၏ လူစည်ကားနေရာဖြစ်သည့် ရန်ကြီးအောင်ပန်းခြံရှေ့ အောင်ဇေယျလမ်းမကြီး၏ဘေးဝဲယာနှစ်ဖွဲ့ခွဲ ပြီးကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  Mask Campaign ပြုလုပ်ကာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Mask Campaign ပြုလုပ်ရာတွင် ရွှေဘိုမြို့တွင်းသို့စျေးရောင်းချရန်လာသူများ၊ စျေးလာဝယ်သူများ ၊ခရီးသွားလာ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက်  Mask များတပ်ဆင်စေခြင်း  အသိပညာ များပေးခြင်းတို့ကိုဆောင်ရွက်ပြီး၊Mask များကို အခမဲ့ လိုက်လံဝေငှကြောင်းသိရသည်။

အဆိုပါလုပ် Mask Campaign ပြုလုပ်နိုင်ရေးအတွက် ရွှေဘိုမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ရေး နှင့် ကုသရေးကော်မတီကဦးဆောင်ပြီးရွှေဘိုမြို့ပေါ်ရှိလူမှုကူညီရေးအသင်း ၁၂ သင်း၊မြန်မာနိုင်ငံရဲတပ် ဖွဲ့၊မီးသတ်ဦးစီး ဌာန၊မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများက  ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြကြောင်း သိရသည်။ယနေ့ Mask Campaing ပြုလုပ်ခဲ့ရာMask အခုရေ ၅၀၀၀ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ ကြောင်းရွှေဘိုမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် ကုသရေးကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)