ချောင်းဆုံ ဇွန် ၂၅
မွန်ပြည်နယ်အတွင်း ငါးသယံဇာတတိုးပွားရေး၊ ငါးရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှု တိုးတက်စေရန်အတွက် ရည်ရွယ်၍မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်ရှိ မဟာကန်တော်ကြီးအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မော်လမြိုင်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဟိန်း၊ အမှတ်(၆)တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်၊ ငါးလုပ်ငန်းပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာမှ တာဝန် ရှိသူများ မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြ သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ရာတွင် ငါးသားပေါက်စခန်း(သထုံ)မှ ထုတ်သော( ၂ )လက်မနှင့်အထက် အရွယ်ရှိ ငါးမြစ်ချင်း၊ ငါးသားပေါက် အကောင်ရေ(၂)သောင်း၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁)သောင်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သောင်းကို မဟာကန်တော်ကြီးအတွင်းသို့ ငါးမျိုးစိုက် ထည့်ခဲ့ ကြောင်းသိရသည်။