ပန်း​တောင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး  Mask Campaign ပြုလုပ်

ပန်းတောင်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်း​တာင်း​​ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ​ မြို့နယ်ဦးစီးမှူးဦးကိုကိုဝေဟိန်းဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှု  ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။

Mask Campaign တွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ပြီး အဆိုပါနေရာ၌ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများအား စနစ်တကျ Mask တပ်ဆင်ရေး အသိပညာပေးဆွေးနွေးကာ ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံး တာဝန်ရှိသူများထံမှ သိရသည်။

သင်းသင်းအေး