မြို့နယ်အဆင့် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး သံတွဲ၌ ကျင်းပ

သံတွဲ  ဇွန် ၂၅

သံတွဲမြို့နယ် Coronavirus Disease 2019(Covid-19 )ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ သံတွဲမြို့နယ် Coronavirus Disease 2019(Covid-19 )ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်က မြို့နယ်အတွင်း (Covid-19 ) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်း စဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် တက်ရောက်လာ ကြသည့် ကော်မတီအဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများကို ကော်မတီဥက္ကဋ္ဌ က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အတွင်း (Covid-19 ) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရေး ၊ မြို့ဝင်မြို့ထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်း ၊ quarantine Centre များ ကြိုတင်ပြင်ဆင်ထားရှိရေး၊  ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရး အသွားအလာပိတ်ပင် တားဆီးခြင်း လုပ်ငန်း များဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ဆိုင်ရာ များ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)