ဆိပ်ဖြူမြို့နယ် တရားရုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံအဝှမ်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဆိပ်ဖြူ  ဇွန် ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တရားရုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံ အဝှမ်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်တရားရုံးတွင် ကျင်းပပြုလုပ်သည်။

နိုင်ငံအဝှမ်းရှိ တရားရုံးများတွင် ပြသနာအမျိုးမျိုးတို့ကြောင့် ရင်ဆိုင်ဖြေရှင်းနေကြရသည့် ပြည်သူ လူထုများအနေဖြင့် သတ်မှတ်ကာလအတွင်း တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက် မြန်ဆန်စွာ စစ်ဆေးနိုင်ရေး တရားရုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံ အဝှမ်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များသိရှိပြီး သက်ဆိုင်ရာဌာနအသီးသီးပူးပေါင်းပြီး အချိန်နှင့် တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်အေးက အမှာစကားပြောကြားပြီး ၊မြို့နယ်တရားသူကြီး ဒေါ်မုဒိတာက တရားရုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံအဝှမ်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များ ရှင်းလင်း တင်ပြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များက သိရှိလိုသည်များကို မေးမြန်း ရာမြို့နယ် တရားသူကြီးက ပြန်လည်ဖြေကြားပေးခဲ့ ကြောင်းသိရသည်။

ကိုဇွဲ ( အညာမြေ)