ဝါးခယ်မ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ယမန်နေ့ မွန်းလွဲ၃ နာရီခန့်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး ဝါးခယ်မမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်ခံရသော ကလေးများအား ကူညီဆောင်ရွက်ပေးမှုများနှင့် ကလေးသူငယ်များနှင့်ပတ် သက်သောလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးလွင်က ကလေးသူငယ်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ကော်မတီဝင်များမှ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)