ပြည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗိုလ်ချုပ် လမ်းမပေါ်၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးကဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
Mask Campaign တွင် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ပြီး အဆိုပါနေရာ၌ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများအား စနစ်တကျ Mask တပ်ဆင်ရေး အသိပညာပေးဆွေးနွေးကာ ပါးစပ်နှာခေါင်းစည်း Mask အခုရေ (၁၀၀၀) ခန့် ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။
ကိုဆက်