ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကံမ ဇွန် ၂၄

               မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ယနေ့ နံနက် ၁၀ နာရီက       မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်တို့ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင်  ကျရောက်မည့်   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား  လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ ကိုဖြေ ရှင်းခြင်း၊   မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်နှင့် ပညာပေး ကာတွန်း၊    မူးယစ်ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများ  အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊      မုံရွာဝင်းဖေ ရေး သားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူ ကဗျာနှင့်ပညာပေးဆောင်ပုဒ်များ ရေးသားဖော်ပြပါရှိကြောင်း သိရ သည်။ 

ကျော်ဇေယျဝင်း(ကံမ)