တောင်ငူ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်ငူ   ဇွန်    ၂၄

၂၀၂၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ညောင်ပင်လေးစျေး၊ အ.ထ.က (၄) နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၊ စျေးရောင်း/ စျေးဝယ် ပြုလုပ်နေကြသူများ ၊ လမ်းသွားလမ်းလာ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်း၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းတို့ပါဝင်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်