ပန်းတနော် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ ဆေးလိပ် သောက်ခြင်း ကြောင့်ဖြစ်ပေါ် လာသည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအမည်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး ဆိုင်ရာကဗျာ၊ ဆောင်းပါး၊ ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)