မိုးညို ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမား များ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစရိတ် လိုအပ်ချက်များအား အထောက်အကူဖြစ်စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်မှန်း၍ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိရာ ယခုအခါ တွင်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ မိုးစပါးတစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်နှင့် မိုးသီးနှံစုံတစ်ဧကလျှင် ၁၀၀၀၀၀ ကျပ်တို့အား ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၇)အုပ်စုရှိလူဦးရေ (၂၅၆)ဦး၊ စိုက်ဧက (၁၇၀၅)ဧကအတွက် ချေးငွေပေါင်း ၂၄၈၆၅၀၀၀၀ ကျပ်ကို ယမန်နေ့ထိ ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသောကျေးရွာ/အုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကိုမင်း