ရေတာရှည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သပြေကုန်းကျေးရွာမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက်ခဲ့သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် ကိုဗစ်-၁၉ ရောဂါ လက္ခဏာဖြစ်ပေါ်လာသဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ရေတာရှည် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် Test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့ပြီး အတူနေသားဖြစ်သူအား စစ်ဆေးရာပိုးတွေ့ရှိမှုမရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သားဖြစ်သူအား မြို့နယ် ပြည်သူ့ဆေးရုံသီးသန့်ဆောင်တွင် ကုသ စောင့်ကြည့်ထားရှိပြီး ထိတွေ့ခဲ့သူ ၁၈ ဦးအား ဆွာမြို့ရှိ ကွာရန်တင်းစင်တာတွင် ထားရှိကာ ကျန်းမာရေးစစ်ဆေးစောင့်ကြည့်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အေးဆု