ကျိုက်မရော သြဂုတ် ၁၁
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း က တရာနာကျေးရွာ၊ မုဆိုးကျွန်းကျေးရွာ၊ကော့ခလိန်ကျေးရွာတို့၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျိုက်မရောမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်း များက မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး အသက်၁၈နှစ်ပြည့်ပြီးသူများအား မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက်နှင့် နိုင်ငံသားကတ်ပျောက်ဆုံးသူများ အား သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးသူ (၄၅)ဦးနှင့် အသက်၁၈နှစ်ပြည့်ပြီး အသစ်ပြုလုပ်သူ (၂၃)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ချိုချို (ပြန်/ဆက်)