မော်လမြိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်

 

 

 

မော်လမြိုင် ဇွန် ၂၄

 

 

ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်  မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး(Talk Show)​ဆွေးနွေးပွဲပြုလုပ်ကြောင်း သိရသည်။

 

 

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်ဝါဝါလွင်က လူငယ်များ  မူးယစ်ဆေးဝါးအန္တရာယ်ကြောင့်   လမ်းမှားမရောက်စေရန်နှင့်       အသိပညာရရှိစေရန် အတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်းကို ဦးစွာရှင်းလင်းပေးပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင် ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မိုးအောင်က မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ မိလျှင်ဖြစ်စေတတ်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့်   မူးယစ်ဆေးဝါး၏   ဆိုးကျိုးများ အန္တရာယ်အကြောင်းတို့ကို အသေးစိတ် ဆွေးနွေးပေးသည်။

 

 

အဆိုပါ  အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ပေးခြင်းဖြင့်   အနာဂတ်မျိုးဆက်သစ်  လူငယ်များ ပညာ သင်ယူစဉ်ကာလ မူးယစ်ဆေးဝါးကြောင့် လမ်းမှားမရောက်ကြစေရန်အတွက်  မိမိမှစ၍စမ်းသပ် သုံးစွဲခြင်းမပြုကြရန်နှင့်အခြားသူများကိုလည်း အသိပညာများ ပြန်လည်မျှဝေပေးနိုင်ရန်ရည်ရွယ်ချက်  တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း