ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

 

 

ကျိုက်မရော  ဇွန် ၂၄

 

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာစျေးများနှင့် ဆုတောင်းပြည့်  ဘုရားကြီး ရှေ့တို့၌ပြုလုပ်ခဲ့သည်။

 

 

အဆိုပါ Mask  Campaign ပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်မဖြစ်မနေ ခရီးသွားလာ ရမည့် ပြည်သူများ၊စျေးရောင်း စျေးဝယ်များ အနေဖြင့်ပါးစပ်ပိတ်နှာခေါင်းစည်း Mask များ တပ်ဆင် ထားခြင်း မရှိပါကMaskများအခမဲ့ပေးဝေပြီး အပြင်ထွက်တိုင်းတစ်ယောက်မကျန် Mask များ တပ်ဆင် သွားလာကြရန် ပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့သည်။

 

 

ယနေ့ဆောင်ရွက်သော Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့များ၊လူမှုရေးအသင်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

     

 

ချိုမြတ်မြတ်ထွေး