မုဒုံ ဇွန် ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ် အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်စုများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယနေ့ နံနက်၉နာရီက မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု၊ တိုက်ကျောင်းဘုန်းကြီးကျောင်း၌ ပန်းခင်းစီမံ ချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါ ကျေးရွာအတွင်းရှိ အသက်(၁၈)အောက် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား(၄၈၉)ဦး၊ အမျိုးသမီး(၆၀၃)ဦး စုစုပေါင်း(၁၀၉၂)ဦး၊ အသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား (၂၀၉၉)ဦး၊အမျိုးသမီး(၂၂၄၈)ဦးစုစုပေါင်း(၄၃၄၇)ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်/ ပျက်စီး သူများအားအသစ် ပြုလုပ်ခြင်းတို့ကိုအခမဲ့ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှဒု(လဝက)မှူး ဒေါ်ဥမ္မာက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ကွင်းဆင်း ဆောင်ရွက် ပေးရခြင်း ၏ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့်အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး စနစ်တကျကိုင်တွယ် အသုံးပြုရ မည့်နည်းစနစ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး မုဒုံမြို့နယ်အတွင်းရှိကျန်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဒီဇင်ဘာလကုန်အထိ ကွင်းဆင်း ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
အောင်မျိုးသူ