ကျောင်းကုန်းမြို့တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ(၁၃)ဦး ရှိပြီဖြစ်

ကျောင်းကုန်း  ဇွန်  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မှောသေးရွာတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူ  အမျိုးသမီးနှင့်အတူနေ မိသားစုဝင်(၅)ဦးအား Rapid Test  Kit(RTK) စက်ဖြင့် ယမန် နေ့နံနက်ပိုင်းက စစ်ဆေးရာ ညီအစ်မ(၂)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့  မွန်းလွဲပိုင်းတွင် ပထမဆုံးရောဂါပိုးတွေ့ရှိခဲ့သူ အလုပ်လုပ်သော အိမ်ဆောက်ပစ္စည်း ဆိုင်ရှိ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများအား  Rapid Test  Kit (RTK)  စက်ဖြင့် ထပ်မံစစ်ဆေးရာ အမျိုးသား(၂)ဦးနှင့် အမျိူးသမီး(၈)ဦး၊ စုစုပေါင်း(၁၀)ဦးထပ်မံ၍ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ စုစုပေါင်း (၁၃)ဦးအား ချောင်ကြီးတိုက်နယ်ဆေးရုံတွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ အားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)