သာယာဝတီ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ ဆိုက္ကားဂိတ်၊ မြို့မစျေးကြီးအတွင်း အပြင်နှင့်ဈေးလမ်းမဆုံ၊ စတိုးဆိုင်ကြီးများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံ ကပ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးလှဦး ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော်