စလင်းမြို့နယ်အတွင်းရှိ ကျောင်းဆရာ/မများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

 

စလင်း    ဇွန်    ၂၄

 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းဆရာ/မများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ စလင်းမြို့နယ် ကျန်မာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

စလင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းဆရာ/မများကို ကာကွယ်ဆေးမထိုးနှံမီ ကနဦး အနေဖြင့် ကိုယ်ပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးနှင့်မတည့်သည့် ရောဂါလက္ခဏာ ရှိ/မရှိ မေးမြန်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာထိုင်စေခြင်းနှင့် ဆေးထိုးပြီး မိနစ်၂၀ခန့် ဆေးထိုးသည့်ပတ်ဝန်းကျင်တွင် အနားယူ စေခြင်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့သည်။ ယခုအ ကြိမ် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရာ ဇွန်လ ၂၃ ရက်နေ့တွင် ဆရာ/မ ၉၉ဦး၊ ဇွန်လ ၂၄ရက်နေ့တွင် ၃၈ဦး၊ စုစုပေါင်း၁၃၇ ဦး ကိုပထမအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးကို ဇူလိုင်လထဲတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှသိရှိရသည်။

 

မောင်လွင်(စလင်း)