ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများအား မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဘိုကလေး ဇွန် ၂၄

ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၁)နာရီခန့်တွင် မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများအရောက် မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်သည်  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေပေးခဲ့ပြီး မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊  မူးယစ်ဆေးအန္တရာယ်ရှောင်ကြည်ဖွယ်၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး ကဗျာ၊ ကာတွန်းတို့အား စုံလင်စွာ အသိပညာပေး ဖော်ပြထားရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)