ပင်လည်ဘူး ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် သစ်တောသစ်ပင်စိမ်းလန်းစို ပြေစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီလူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ပင်လည်ဘူးမြို့ မိုးကောင်းရပ်ကွက်ရှိ မြေနေရာလပ်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်သောင်းနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းအား သစ်ပင်ပျိုးပင်များ အသီးသီး ပေးအပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ပင်လည်ဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၀၀)ကျော်တို့က ကျွန်း (၁၅၀)ပင် ၊ ပျဉ်းကတိုး( ၁၅၀)ပင် ၊ မဟော်ဂနီ(၁၅၀) ပင်၊စိန်ပန်း( ၄၀)ပင်၊ စွယ်တော် (၄၀)ပင်၊ ပျဥ်းမပင် (၄၀) ပင် စုစုပေါင်းပျိုးပင် (၅၇၀) ပင်အားသတ်မှတ်နေရာ များတွင်စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။
အေးဝင်းခိုင်