ဝန်းသို ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဆည်ကြီးရွာဟောင်းနှင့် ဆည်ကြီးရွာသစ် ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာပြည်သူများကိုယ် တိုင်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒေါ်ငုဝါဆန်းနှင့်ဌာန အင်ဂျင်နီယာတို့ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
ဆည်ကြီးရွာဟောင်းကျေးရွာတွင် အကျယ် ၁၄ ပေ၊ ထု ၆ လက်မ၊ အရှည်ပေ ၁၁၀၀ရှိ ရွာတွင်းလမ်း ကိုလည်းကောင်း၊ ဆည်ကြီးရွာသစ်ကျေးရွာတွင် အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် အရှည်ပေ ၁၁၀၀ ရှိ ရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀စီဖြင့် နည်းပညာကူညီပံ့ပိုးပေးမှု၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရင်းနှီးမြုပ်နှံမှုအစီအစဉ် တစ်ရပ် အနေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီထောက်ပံ့ကာ ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်စေ သော VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ပေါင်း ၂၃ ရွာတို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင်