မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် ငွေထုတ်ပေး

ဂန့်ဂေါ သြဂုတ် ၁၀

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်အဖြစ် လုပ်ငန်းဆောင်ရွက်သည့် ရပ်ကွက်ကျေးရွာများအတွက် ယနေ့ နံနက် ၉ နာရီခွဲ တွင် ငွေများ ထုတ်ပေးသည်။

အဆိုပါ ဆောင်ရွက်သည့် လုပ်ငန်းများမှာ ဂန့်ဂေါမြို့နယ် ရပ်ကွက်၊ ကျေးရွာ ၁၆ ရွာတွင် လမ်းတံတား လုပ်ငန်း ၁၀ ခု၊ ရေရရှိရေးလုပ်ငန်း ၅ ခုနှင့် အထွေထွေလုပ်ငန်း ၁ ခုတို့ ဆောင်ရွက်ခြင်းများ ဖြစ်ကြောင်း သိရသည်။

ပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့ တက်ရောက်၍ ဒုတိယအကြိမ်အဖြစ် စုစုပေါင်း ငွေကျပ် ၄၂၇ သိန်း ၅ သောင်း ကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း