ရေး မတ် ၂၆
မွန်ပြည်နယ် ရေးမြို့နယ်တွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီမှပြုလုပ်သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအကြောင်း ဆွေးနွေးပွဲနှင့် ကာကွယ်ရေးဝတ်စုံ၊ ဆေးပစ္စည်းများ လက်တွေအသုံးပြုနိုင်ရေး သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ပိုင်က ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းဇော်က ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသည့် အမိန့်ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဇော်ထိုက်က ကာကွယ်ရေးဝတ်စုံနှင့် ဆေးပစ္စည်းများ လက်တွေအသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြား ပြီးနောက် ကျန်းမာရေးဌာန၏ လမ်းညွန်ချက်နှင့်အညီ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး၊ ကုသရာတွင် အသုံးပြုမည့်ဝတ်စုံအား လက်တွေ့သရုပ်ပြ ဝတ်ဆင်ပြသကာ တက်ရောက်လာသူများက သိရှိလိုသော အချက်အလက်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်းဖြေရှင်း ပေးခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)