မင်းဘူးမြို့ မြန့်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း မန်းရေနံမြေဝန်ထမ်းများ မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုး

မင်းဘူး ဩဂုတ်  ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မြန့်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း မင်းဘူးမြို့ မန်းရေနံမြေဝန်ထမ်းများစုပေါင်း၍ ၂၀၂၀ ပြည့်နှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်ယာ(၃) ဘောလုံးကွင်း ပတ်လည်တွင် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မန်းရေနံမြေဝန်းအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေနိုင်စေရန် ရည်ရွယ်၍ ကျွန်းနှင့် မန်ဂျန်ရှား ပျိုးပင်များကို အိမ်ယာ(၃) ဘောလုံးကွင်းပတ်လည်တွင် မင်းဘူးမြို့ မန်းရေနံမြေ အထွေထွေ မန်နေဂျာ ဦးရဲနိုင်နှင့် ဌာနမှူးကြီးများ၊ မန်းရေနံမြေဌာန အသီးသီးမှ ဝန်ထမ်းများက စုပေါင်း စိုက်ပျိုးခဲ့ကြ သည်။

အဆိုပါ ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာနမှ ပံ့ပိုးကူညီမှုဖြင့် ကျွန်း ၇၅ ပင် နှင့် မန်ဂျန်ရှား ၇၅ ပင် စုစုပေါင် အပင် ၁၅၀ ကို မန်းရေနံမြေဝန်ထမ်းများဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)