ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများပြသ

ချောက် ဩဂုတ် ၁၀

မကွေးခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများ ပြသထားလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသိပညာပေး အကြောင်းအရာများဖြစ်သည့် ရပ်ကွက်/ကျေးရွာများ အလိုက် ပထမအကြိမ် ကပ်ထားကြေညာပေးသည့် မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုရေးနှိုးဆော်ချက်များ၊ ပထမအကြိမ် မဲစာရင်းကြည့်ရှုရက် (၁၄) ရက်အပြင်၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၇) ရက် ထပ်မံတိုးမြှင့်သည့် ကြေညာချက်များနှင့် မဲဆန္ဒရှင်စာရင်း ကြည့်ရှုရာတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းဖြင့် လည်းကောင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄ (ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လည်းကောင်း သိရှိနိုင်စေရေးကြေညာ ချက်များကို ပြ သဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ လေ့လာကြည့်ရှုလျက်ရှိ‌ကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် စာငှား ပြည်သူများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေထားသည့် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မချို(ပြန်/ဆက်)