နာဂဒေသ ထန်ပါခွေမြို့၌ တောင်ယာစပါး စိုက်ခင်းများတွင် စုပေါင်းကြွက်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

 

ထန်ပါခွေ ဇွန် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ယခင်နှစ်ကတောင်ယာ စပါး(၁၃၂၁) ဧက စိုက်ပျိုးထုတ်လုပ်ခဲ့ရာ ယခုနှစ်တောင်ယာစပါး စတင်စိုက်ပျိုးချိန်တွင် ကြွက်များ လာရောက်၍ စပါးမျိုးစေ့များအား တူးဖော်ဖျက်ဆီးလျက်ရှိကြောင်းသိရှိရ၍ ကြွက်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

အဆိုပါ ကြွက်များ လာရောက်ဖျက်ဆီးခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံ တောင်သူများနှင့် ပူးပေါင်းကာ ဇွန်လ ၁၀ ရက် နေ့မှစတင်ကာ တာမောင်အုပ်စု၊ ကျောက်ကယ်အုပ်စု တိုင်ငံကျေးရွာနှင့်၊ လမ်းနောက်အုပ်စု လန်းနောက်ကျေးရွာများ၌ ကြွက်အန္တရာယ် ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများကို ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

ဟန်ထွန်း(အင်းဝ)