စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်မှုကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကန့်ဘလူ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသော လွှတ်တော် ကိုယ်စားလှယ် လောင်းများ စိစစ်မှုကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ညွန့်က အမှာစကားပြောကြားပြီး တက်ရောက်လာကြ သော ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တစ်ဦး ချင်း မိတ်ဆက်ကြသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းက စိစစ်ရေး ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းစဉ်များ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန် ကျစရိတ် တင်သွင်းမှုစိစစ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစဉ်များဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်မှုကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကြံပြုတင်ပြကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရေးကော်မတီကို လက်ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အများ ကြည်ညိုလေးစားခြင်းခံရသော လူပုဂ္ဂိုလ်များ စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၁၁ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းလွှာများကို စတင်စိစစ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ )