ပုသိမ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ် ကွင်းစုကျေးရွာ၌ စီးပွားဖြစ် နဂါးမောက်သီးပင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူမိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ဒီနဂါးမောက်သီးပင်ကို ကျနော်စိတ်ဝင်စားပြီးစမ်းသပ်စိုက်ပျိုးရာ မိမိဒေသရေမြေနဲ့ကိုက်ညီမှုရှိသဖြင့် ကိုယ်ပိုင်လယ်(၂)ဧကမှာ နဂါးမောက်ပင် ( ၂၀၀၀)စတင်စိုက်ပျိုးရာတစ်ပင်နဲ့တစ်ပင် ( ၈) ပေခြားကျင်းများတူးပြီး ကျင်းအတွင်းသဘာဝမြေသြဇာဖြစ်တဲ့ နွားချေးစပါးခွံနဲ့ သစ်ရွက်ဆွေးတွေထည့် မြေခံပုလဲမြေသြဇာ နို့ဆီဗူးတစ်ဝက်ကျင်းတိုင်းထည့်ပြီး စိုက်ပျိုးပါတယ်၊ အပင်များ မလဲအောင်တိုင်များ စိုက်ထူပြီးကြိုးနှင့်ချည်ရပါတယ်၊ အပင်တွေစိုက်ပြီးတစ်နှစ်သားမပြည့်ခင်မှာ အသီးများ စတင်သီးပါတယ်၊ တစ်နှစ်သားအရွယ်မှာအသီး နှစ်သားပြည့်တာနဲ့အသီးများ လှိုင်လှိုင်ခူးဆွတ်ရောင်းချနိုင်ကြောင်း" စိုက်ပျိုးသူက ပြောပါတယ်။
ယခင်ကနဂါးမောက်သီးတွေက ရန်ကုန်ကဘဲဝင်ရောက်တဲ့အတွက် စျေးနှုန်းကြီးစွာနဲ့ ဝယ်ယူစားရကြောင်း အခုအချိန်မှာဒေသတွင်းထွက်ရှိတဲ့အတွက် ဒေသခံများနဂါးမောက်သီးကို စျေးနုန်းချိုသာစွာနဲ့ ဝယ်ယူစားသုံးနိင်ကြောင်း ယခုနဂါးမောက်သီးတစ်လုံးကို ၅၀၀ကျပ်မှ ၁၀၀၀ကျပ် ရောင်းချရကြောင်း အများဆုံးလာရောက်ဝယ်ယူတဲ့မြို့တွေက ပုသိမ်၊ ကျောင်းကုန်း၊ ငပုတော မြို့တွေကတစ်ဆင့် ကျေးလက်များပါရောင်းချရကြောင်း"စိုက်ပျိုးသူဦးပါးနီထံမှ သိရသည်။
မြင့်ဟန်(ပုသိမ်၊ပြန်/ဆက်)