မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်သူ (၃၅.၀၂) ရာခိုင်နှုန်းရှိ

ပခုက္ကူ ဩဂုတ် ၁၀

၂၀၂၀ ပြည့်နှစ်၊မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ပညာရေး ဝန်ကြီးဌာန Website များမှတဆင့် ဩဂုတ်လ ၉ရက်  နံနက် (၀၀း၃၀) အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ပခုက္ကူမြို့နယ်တွင် တက္ကသိုလ် ဝင်စာ‌မေးပွဲအောင်မြင်သူ (၃၅.၀၂) ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။

ပခုက္ကုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊မတ်လတွင်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ပေါင်း (၉၇၂၉)ဦး ရှိပြီး တက္ကသိုလ် ဝင်တန်းအောင်မြင်သူစုစုပေါင်း (၃၄၀၇)ဦး ရှိသောကြောင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၅.၀၂)ရာခိုင်နှုန်းရှိသောကြောင့် ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)