ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား ချေးငွေများထုတ်ချေးပေး

ကျောက်ဆည် ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် Covid-19 Economic Relief plan (CERP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား ယနေ့နံနက် (၉) နာရီက စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် အိမ်ခြေ (၁၀၃) အိမ်၊ အိမ်ထောင်စု (၁၀၈) စုရှိသည့် ရွာပုလဲအုပ်စု၊ အုတ်ဖိုကျေးရွာမှ အိမ်ထောင်စု (၇၅) စုအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့်အသက်မွေး ဝမ်းကျောင်းလုပ်ကိုင်နိုင်ရေးအတွက် ငွေကျပ်သိန်း(၃၀၀)ကို လည်းကောင်း၊ အိမ်ခြေ(၂၁၆)အိမ်၊ အိမ်ထောင်စု (၂၂၀) စုရှိသည့် လယ်ကြီးကျေးရွာအုပ်စု၊ ဒါန်း ကျေးရွာမှ  အိမ်ထောင်စု ၁၈၀)စုအတွက်  ငွေကျပ်သိန်း (၃၀၀) ကို ပြည်သူ့လက်ဝယ် အရောက် ထုတ်ချေးပေးခဲ့ရာ  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ခဲကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် Covid-19 Economic Relief plan (CERP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်အတွက် ကျေးရွာ (၁၀) ရွာတွင် ဆောင်ရွက်ပေးနိုင်ပြီးဖြစ်ကြောင်းလည်း သိရသည်။

သက်မောင်(ကျောက်ဆည်)