ကျုံပျော် သြဂုတ် ၉
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၉၇) ဦး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန (၁၅) ခုတွင် ကျောင်းသား(၁၄၂၃) ဦး၊ ကျောင်းသူ(၁၉၇၉)ဦး၊ စုစုပေါင်း (၃၄၀၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ကျောင်းသား (၅၂၀) ဦး၊ ကျောင်းသူ (၈၇၇)ဦး၊ စုစုပေါင်း (၁၃၉၇) ဦးအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အောင်မြင်သူများတွင် (၆) ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင်(၁၅) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၄၈) ဦးနှင့် (၁) ဘာသာ ဂုဏ်ထူးရှင် (၃၄၄) ဦး၊ စုစုပေါင်း ဂုဏ်ထူး ရရှိသူ (၅၅၄) ဦးရှိခဲ့ပြီး၊ တစ်မြို့နယ်လုံးအောင်ချက် ၄၁.၀၆ % ရရှိခဲ့ကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)