မြစ်ကြီးနား ဩဂုတ် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းတွင်း ဖြေဆိုသူ ကျား (၄၃၆၉) ဦး၊ မ(၆၁၄၂)ဦး၊ စုစုပေါင်း (၁၀၅၁၁) ဦး ဖြေဆိုခဲ့ရာ ကျား(၁၃၁၈)ဦး၊ မ (၁၉၂၇)ဦး စုစုပေါင်း (၃၂၃၅) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများမှာ ကျောင်းတွင်းဖြေဆိုသူများမှ (၆) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁၇) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၉) ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၄၇) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၇၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၂၇၃) ဦး စုစုပေါင်း ဂုဏ်ထူးရှင်(၄၃၂)ဦးဖြစ်ပြီး မြစ်ကြီးနားမြို့၏ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း(၃၀ ဒဿမ ၇၈ ရာခိုင်နှုန်း) အောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိန်ဝင်း