စလင်း ဩဂုတ်လ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်မှုလယ်ယာ ဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း တောင်သူ ဦးကြီးများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် ဈေးနှုန်း သက်သာပြီး တာရှည်ခံနိုင်သည့် လယ်ယာသုံးစက်ကိရိ ယာများကို လက်ငင်းငွေချေစနစ်၊ အရစ်ကျစနစ်များဖြင့် ရောင်းချပေးလျက်ရှိသည်။
စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူဦးကြီးများ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စီးပွားရေး အဆင်ပြေစေရန် တုန့်ပြန် ဆောင်ရွက်သည့်အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍ အရှိန်အဟုန်မြှင့်တင် ကူးပြောင်းလာနိုင်ရေးအတွက် အမှတ်(၆၉) စက်မှုလယ်ယာ စခန်းမှ အိန္ဒိယနိုင်ငံထုတ် Sonalika အမျိုးအစား မြင်းကောင်ရေ(၉၀)အားရှိ လယ်ယာသုံး ထွန်းစက်များ ရောင်းချပေးလျက်ရှိရာ အုတ်ဖိုကန်ကျေးရွာ တောင်သူဦးမြင့်လွင်က တန်ဖိုးကျပ် ၂၁၆ သိန်းတန် လယ်ထွန်စက်ကို လက်ငင်းငွေချေ စနစ်ဖြင့်ဝယ်ယူခဲ့ရာ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးစောမင်းထွန်းမှ လယ်ထွန်စက်နှင့် ပတ်သက်သည့်စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ခဲ့သည်။
စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူကြီးများ တွေ့ကြုံနေရသည့် အခက်အခဲများကို သိမြင် တတ်ကျွမ်းအောင် သင်ကြားပေးပြီး မိမိတို့ လယ်ယာမြေတွင် စိုက်ပျိုးသည့် သီးနှံများကို စက်များဖြင့် ထွန်ရက်စိုက်ပျိုးရိတ်သိမ်းနိုင်ရန်အတွက် အဖက်ဖက်ကကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)